MANDALAY SHWEYI CORPORATE CO.,LTD




Interview with City FM

ကျွန်နော်တို့ Waaneiza Worldwide Trading Co., Ltd အနေနှင့်၊ အစားအစာနှင့် အဖျော်ယမကာ တွေကို ကိုယ်တိုင်ထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပ ဈေးကွက်တွေကို ဖြန့်ဖြူးရောင်းချနေသလို၊ နိုင်ငံခြားမှလဲ ဆေးနှင့် ဖြည့်စွက် အစားအစာတွေကို တင်သွင်းပြီး ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။ ကုမ္ပဏီက အဓိကထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေတဲ့ ပစ္စည်းတွေကတော့ Tategoto အမှတ်တံဆိပ် ပန်းဂျုံခေါက်ဆွဲ၊ Mount Khakabo အမှတ်တံဆိပ် ပျားရည်တွေဖြစ်ပြီး -

နိုင်ငံခြားက တင်သွင်းရောင်းချတဲ့ ပစ္စည်းကတော့ ဆီးချို၊ သွေးချိုသမားများအတွက် Botanical Herbs တွေကနေ ထုတ်လုပ်တဲ့ GlucosCare အမှတ်တံဆိပ် Herbal Tea ကို စင်္ကာပူကနေတင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိပါတယ်။

ကျနော်တို့ Waaneiza Worldwide Trading Co., Ltd ရဲ့ အဓိက ရည်ရွယ်ချက်ကတော့
၁။ ကျန်းမာရေးနှင့် ကိုက်ညီတဲ့ အစားသောက်တွေ နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့်အညီထုတ်လုပ်ရန်
၂။ သင့်တင့်တဲ့ဈေးနှုန်း( Reasonable Price)နှင့် ပြည်တွင်းစားသုံးသူတွေကို ဖြန့်ဖြူးရောင်းချရန်
၃။ ပြည်တွင်းက ကုန်ကြမ်းတွေကို Value Added ထုတ်ကုန်တွေထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်ကို ထိုးဖေါက်ရန် ဆိုတဲ့ရည်ရွယ်ချက်တွေဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်ကိုထိုးဖေါက်ဘို့အတွက်လဲ ISO: 9001 : 2008 and HACCP နှင့် Halal Certificate တွေရရှိပြီးဖြစ်ပါတယ်။
၎။ ကျနော်တို့ Waaneiza Worldwide Trading Co., Ltd ရဲ့ Mission Statement တစ်ခုဖြစ်တဲ့ We provide only healthy foods and beverages ဟာ စားသုံးသူတွေအပေါ်ထားရှိတဲ့ ကျနော်တို့ရဲ့ရည်ရွယ်ချက် ဖြစ်ပါတယ်။

ပန်းဂျုံကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဂျပန်နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် စားသုံးလေ့ရှိပြီး ၊ ဂျပန်လူမျိုးတွေရဲ့ အသက်ရှည် ကျန်းမာရခြင်း၏ အဓိကအကြောင်းအရင်းတွေထဲ မှာ ပန်းဂျုံစားသုံးခြင်းဟာလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံဆေးပညာ ပါရဂူ ဒေါက်တာနီကိုးလ်ပ်(စ်) ပီရေကင်ရဲ့ အမေရိကန်တစ်နိုင်ငံလုံး ရေပန်းစား အရောင်းရဆုံး စာအုပ်ဖြစ်တဲ့ “ပီရေကင်ရဲ့ကတိ ---- နုပျိုအသက်ရှည်စေမည့် နည်းလမ်း --- ” ဆိုတဲ့ စာအုပ်ထဲမှာ အများပြည်သူကို ထောက်ခံတင်ပြခဲ့တဲ့ အစာ (၁၀) မျိုးထဲမှာ ပန်းဂျုံဟာ တစ်ခုအပါအ၀င်ဖြစ်ပေသည်။

အဲ့ဒီအကျိုးကျေးဇူးတွေအပြင် အထူးသဖြင့် ဒီပန်းဂျုံမှာ အခြားဘယ်ကောက်ပဲသီးနှံမှာမှ မပါတဲ့ ထူးထူးခြားခြား Rutin ဓာတ်တမျိုးပါဝင်ပါတယ်။

ပန်းဂျုံမှုန့်တွေထဲမှာ ရူတင်း (Rutin) အမျိုးမျိုးနှင့် ဖိုင်ဘာမျှင်များ ပါဝင်သည့်အတွက် လူ့ခန္ဓာကိုယ်ကို အလွန်အကျိုးပြုပါသည်။ ပန်းဂျုံမှာ ကစီဓါတ်ခေါ် ကာဗိုဟိုက်ဒရိတ်နှင့် အရည်အသွေး ကောင်းမွန်လှသည့် ပရိုတင်း၊ ဗီတာမင်ဘီအုပ်စု တို့ အပြင် သံဓါတ်နှင့် ဟန်ချက်ညီမျှတသော အမိုင်နိုအက်စစ် များပါဝင်ပါသည်။ အာဟာရ တန်ဖိုး အလွန်မြင့်မားသည့် အစားအစာလဲဖြစ်ပါသည်။

ပရိုတင်းနှင့် ဗီတာမင် ဘီဝမ်း၊ ဘီတူးတို့သည် လူ့ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို အားပေးပြီး သံဓါတ်နှင့် သတ္တုဓါတ်တွေဟာ သွေးအားနည်းရောဂါကို ကာကွယ်ပေးပါသည်။ ပန်းဂျုံခေါက်ဆွဲကို ဂျပန်စတိုင် သာမက၊ မြန်မာအစားအစာ ပုံစံအမျိုးမျိုး အနေနှင့်လဲစားသုံးနိုင်ပါတယ်။ ပန်းဂျုံခေါက်ဆွဲကို …………………………………………….

ပထမဆုံး - ရေပွက်ပွက်ဆူနေတဲ့ အိုးထဲကို (၇) မိနစ်ခန့်ပြုတ်ပါ။
ဒုတိယ - အနေနှင့် (၇)မိနစ်ပြည့်ပါက ခေါက်ဆွဲကို ဆယ်ယူပြီး၊ ရေအေးအေးနှင့်ဆေးပါ။
နောက်ဆုံး - အနေနှင့် ကတော့ ခေါက်ဆွဲကို ဇကာပေါ်တွင်ရေစစ်ထားပါ။

ဒါဆိုခေါက်ဆွဲကို ကျနော်တို့ မိမိကြိုက်နှစ်သက် သလိုစားသုံးလို့ရပါပြီ။

ဥပမာ - မြန်မာစတိုင် ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲသုပ် တို့လုပ်ပြီးတော့စားနိုင်သလို့၊ မုန့်ဟင်းခါးအရည်၊ အုန်းနို့ခေါက်ဆွဲအရည် တို့နှင့်လဲ မိမိကြိုက်နှစ်သက်သလို လုပ်ကိုင်စားသောက်လို့ရပါတယ်။ ကျနော်တို့လက်ရှိ ထုတ်လုပ်နေတဲ့ Tategoto အမှတ်တံဆိပ် ပန်းဂျုံခေါက်ဆွဲကို ပြည်တွင်းက ကုန်ကြမ်းတွေကို နိုင်ငံတကာနည်းပညာတွေနှင့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပန်းဂျုံကို ကျနော်တို့ ကုမ္ပဏီကိုယ်တိုင် ရှမ်းပြည်နယ်မှာ စိုက်ပျိုးခြင်းဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင်စိုက်ပျိုးတဲ့ ပန်းဂျုံနှင့် အခြားနိုင်ငံတွေက ပန်းဂျုံတွေရဲ့ အဓိက ကွာခြားချက်ကတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး Buckwheat Milling ကုမ္ပဏီကြီးဖြစ်တဲ့ Nikoku ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်အရ မြန်မာပန်းဂျုံရဲ့ Rutin ပါဝင်မှုနှုန်းဟာ ဂျပန်နှင့် တရုပ်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ပန်းဂျုံတွေထက် ပိုမိုကောင်းမွန် တာဟာ ကျနော်တို့အတွက် ဂုဏ်ယူဖွယ် ကွာခြားမှုတစ်ခုဖြစ်ပါတယ်။ Waaneiza Worldwide Trading Co., Ltd ရဲ့ Tategoto အမှတ်တံဆိပ် ပန်းဂျုံခေါက်ဆွဲကို ဂျပန်၊ ကိုရီးယားနှင့် စင်္ကာပူတို့ကို တင်ပို့မလို့ ကျနော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။ Tategoto အမှတ်တံဆိပ် ပန်းဂျုံခေါက်ဆွဲကို စူပါမားကတ်ကြီးတွေ၊ ဈေးဝယ်စင်တာတွေ၊ စတိုးဆိုင်တွေနှင့် အနယ်နယ်အရပ်ရပ်ရှိ ဈေးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကျနော်တို့ရဲ့ ရုံးချုပ်ဖြစ်တဲ့ အမှတ် (၃၄)၊ မနော်ဟရီလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ကိုလဲတိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်။ ဖုန်းနံပါတ်တွေကတော့ ၇၃၀၉ ၈၇၀၈ ၊ ၇၃၀၉ ၈၇၀၉ တို့ဖြစ်ပါတယ်။

ဟုတ်ကဲ့ ကျနော်တို့ Waaneiza Worldwide Trading Co., Ltd ကလဲ၊ City FM နှင့်တကွ Fun Shopping ပရိတ်သတ်အားလုံးကိုလဲ သက်ရှည်ကျန်းမာဘို့ ပန်းဂျုံခေါက်ဆွဲစားကြစို့ လို့ ဖိတ်ခေါ်ရင်း အားလုံးကို ကျေးဇူးတင်ပါတယ်။

Untitled Document